တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးများအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

 

နေပြည်တော်၊ ဇန်နဝါရီ - ၆

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ နှင့် အသက် ၂ နှစ်အောက် ကလေးများအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်သည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးမှုရာတွင် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံမှ ပါရဂူများနှင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်မိခင် ၁၇ ဦးနှင့်ကလေး ၃၂ ဦးတို့ကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး ကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအတွက် စားသောက်ဖွယ် ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။