နေပြည်တော်၊ မေ - ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး အနေကဇာတင်လှူပူဇော်ခြင်း၊ မဟာပဌာန်းရွတ် ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်းနှင့် ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီးဓမ္မာရုံ၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက် ကျောင်း ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တသူရိယအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်စာသင်တိုက် ကျောင်း ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြား ကြသည်။
ထို့နောက် တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။