တောင်ငူမြို့၊ ရှေးဟောင်သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ပဋ္ဌာန်းရွတ်ဖတ်ပူ ဇော်ပွဲ အောင်ပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်ဝင်ရွှေဆံတော်စေတီတော် မြတ်ကြီးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီးရှိ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန်ကျောင်းတိုက်၊ ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာ တော်များကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များနာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား သင်္ကန်း၊ ဆေးနှင့် နဝကမ္မ အလှူ တော်ငွေများဆက်ကပ်လှူဒါန်းပြီး ကြာနီကန်ကျောင်းတိုက်ဆရာတော်ထံမှ အနုမော ဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။