တံတားဦးမြို့နယ်၌ စွမ်းအားမြှင့် မီးဖိုများအခမဲ့ဖြန့်ဝေ

တံတားဦး၊ လူမှုရေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး အတွက် စွမ်းအားမြှင့်မီးဖိုများကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် တံတားဦးမြို့ ထန်းပေါက်ကုန်းကျေးရွာအုပ်စု ကျောက်တန်းကျေးရွာ၌ ပေးအပ်ကြောင်း သိရသည်။

စွမ်းအားမြှင့်မီးဖိုများပေးအပ်ရာတွင် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်း ကကျေးလက်ဒေသများတွင် လောင်စာထင်း အသုံးပြုမှုလျှော့ချရေး၊ သစ်တောသစ်ပင်ပြုန်းတီးမှုမှကာကွယ်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဟန့်တားပေးနိုင်ကြောင်း၊ ထို့ပြင် သစ်တောသစ်ပင်ပြုန်းတီးမှုကို လျှော့ချခြင်းအားဖြင့်  ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့များ နည်းပါးလာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး စွမ်းအားမြှင့်မီးဖိုသုံးစွဲမှုပညာပေး လက်ကမ်းစာစောင်များ နှင့် မီးဖိုများ အခမဲ့ပေးဝေကြသည်။

တံတားဦးမြို့နယ် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနမှ  ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ကျေးရွာပေါင်း  ၁၈ ရွာသို့တစ်ရွာလျှင်  စွမ်းအားမြှင့်မီးဖို အလုံး ၄၀  အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထွန်းထံမှ သိရသည်။            

ရဲတင့်(တံတားဦး)