တွန်းဇံမြို့နယ်၌ ကျေးရွာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်

တွန်းဇံမြို့နယ်၌ ကျေးရွာလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်

တွန်းဇံ၊ ဒေသဖွံ့ဖြိုးရေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တွီးမန် ကျေးရွာအုပ်စု တွီးမန်ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်းနှင့်  ဗိုင်ဗက်ကျေးရွာ၌ ကျေးရွာတွင်းမြေသားလမ်း  ပြုပြင်တိုးချဲ့ ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တွန်းဇံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာ၊ မြို့နယ် နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်၊ ပြည်နယ်အဆင့် အခြေခံအဆောက်အဦ ဆိုင်ရာနည်းပညာအကြံပေးနှင့် ကျေးရွာ တာဝန်ခံလူထုစည်းရုံးရေးမှူး၊ လက်ထောက် နည်းပညာမှူး တို့က ဇူလိုင် ၁၂ ရက်တွင် ကွင်းဆင်းကြည့်ရှုသည်။

ကွင်းဆင်းကြည့်ရှုရာတွင် လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ကိုဗစ်ကာလ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် နိုင်ရေး၊  လုပ်ငန်းများမိုးမကျမီ အရည် အသွေးပြည့်မီစွာ   အချိန်မီပြီးစီးရေး၊ လုပ်ငန်းများအား အတိုင်းအတာဖြင့် အရည်အသွေးပြည့်မီရေးတို့ကို  ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည်။

အဆိုပါတွီးမန်ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်စီမံကိန်း ပံ့ပိုးငွေကျပ်  ၁၇၉၀၀၀၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း ပြီးစီးမှုအနေဖြင့် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းပံ့ပိုး ငွေကျပ် ၁၅၈၀၀၀၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော  ဗိုင်ဗက်ကျေးရွာတွင်း မြေသားလမ်း ပြုပြင်တိုးချဲ့ခြင်းလုပ်ငန်းမှာ အလျားပေ ၁၀၅၆၀၊ အနံ ၁၄ ပေ၊ ထု ၁ ပေဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး   အဆိုပါလုပ်ငန်းပြီးစီးပါက ကျေးရွာအတွင်းရှိ  လူဦးရေ ၇၀၀ ခန့် လူမှုစီးပွား   ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။         

တင်အောင်မိုးမြင့်