ထားဝယ်မြို့နယ်၊ ထီးခီးဒေသရှိ ဒေသခံတောင်သူများထံမှ သီးနှံများ ဝယ်ယူ

ထားဝယ်မြို့နယ်၊ ထီးခီးဒေသရှိ ဒေသခံတောင်သူများထံမှ သီးနှံများ ဝယ်ယူ

နေပြည်တော်  စက်တင်ဘာ  ၈

ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်း ရောင်းချရန်အခက် အခဲဖြစ်ပေါ်နေသည့် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့နယ်၊ ထီးခီးဒေသရှိ ဒေသခံ တောင်သူများ စိုက်ပျိုးထားသော   သီးနှံစိုက်ခင်းများမှ သင်္ဘောသီး၊ သီးမွှေးငှက်ပျောများနှင့် ဖရုံသီး စသည့်သီးနှံများကို ယနေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက် ဝယ်ယူပေးခဲ့ပြီး နယ်မြေခံ တပ်ရင်း/တပ်ဖွဲ့များနှင့် ကိုဗစ်စင်တာများသို့ ပြန်လည်ဖြန့်ဝေ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။