ထားဝယ်မြို့၌ မြို့နယ်ပေါင်းစုံ စီမံအုပ်ချုပ်ရေးကောင်စီဖလား လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဧပြီ - ၃
    
တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ်ပေါင်းစုံ စီမံအုပ်ချုပ်ရေးကောင်စီဖလား အမျိုး သမီးလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အေပြီ ၂ ရက်မွန်းလွဲပိုင်းတွင် ထားဝယ် မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမား များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တက်ရောက်လာကြသူများက လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ယဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးပြီး ကီလိုတန်းအလိုက် ဆုရရှိကြသူများအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြု ဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။