ထားဝယ်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရှင်းလင်းမှု 

ထားဝယ်မြို့၌ လူစုလူဝေးဖြစ်ပွားမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူစုခွဲရှင်းလင်းမှု 

နေပြည်တော်၊ မတ်လ ၃ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ဥတ္တံတားကြီးမီးပွိုင့်အနီး၌ ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား(၃၀၀)ကျော်ခန့်သည် ဆူပူ အော်ဟစ် ဆန္ဒဖော်ထုတ်နေသဖြင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက် တားမြစ်ခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ပြန်လည်အော်ဟစ်ရန်ပြုခဲ့ပါသည်။ ၎င်းအခြေအနေ အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသံမြည်ဗုံး၊ ၁၂ဗို့ပြောင်းချောသေနတ်တို့ဖြင့်  ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ ဆူပူသူလူစုလူဝေးမှ တူမီးသေနတ်၊ လောက်လေးဂွများ၊ ကျောက်ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ပစ်ခတ်ခဲ့ပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းဖြိုခွဲရေးလက်နက်ဖြင့် လူစုခွဲခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် လူစုကွဲခဲ့ပါသည်။ ၎င်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့သုံး ႊၽေအနမ ဃေညညသည ရှေ့လေကာမှန်၊ ရဲလုံခြုံရေးယာဉ် ီသကဘူန ဃကဘ ရှေ့လေကာ မှန်နှင့် ယာဘက်တံခါးမှန်တို့ ပျက်စီးသွားခဲ့ကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။