ထိုင်းနိုင်ငံက ထပ်တိုး ကာကွယ်ဆေးများကို အရေပြားအောက်တွင် ထိုးခွင့်ပြု

ထိုင်းနိုင်ငံက ထပ်တိုး ကာကွယ်ဆေးများကို အရေပြားအောက်တွင် ထိုးခွင့်ပြု

ထိုင်းနိုင်ငံမှ  အစိုးရတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖူလုံစေရန်နှင့်  ခိုင်မာသည့် ကိုယ်ခံအားကို  ရရှိစေရန် ရည်ရွယ်၍  ထပ်တိုး ကာကွယ်ဆေးများကို အရေပြားအောက်တွင် ထိုးရန်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ယခင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကြွက်သားအတွင်း ထိုးသွင်းရခြင်း ဖြစ်ကာ ယခုအရေပြားအောက်တွင် ထိုးသွင်းရသည့် နည်းလမ်းကို    ပြီးခဲ့သည့်လတွင် ဆရာဝန်များက စတင်ဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်    ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ထိုးပေးနိုင်ကြောင်း    ကျန်းမာရေးဝန်ကြီးက စက်တင်ဘာ ၂ဝ ရက်တွင်ပြောသည်။

အရေပြားအောက်သို့ ကာကွယ်ဆေးထိုးသွင်းခြင်းကြောင့် ရသည့် ကိုယ်ခံအားသည် ကြွက်သားအတွင်း ကာကွယ်ဆေး ထိုးသွင်းခြင်းကြောင့် ရသည့် ကိုယ်ခံအားနှင့်အတူတူပင်ဖြစ်သည့်အတွက်   ထိုနည်းလမ်းဖြင့် ကာကွယ်ဆေးထိုးခြင်းကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖူးခက်ရှိဆေးရုံတစ်ရုံမှ ညွှန်ကြားရေးမှူးက ပြောသည်။

ထိုင်းနိုင်ငံသည်   အက်စထရာဇီနီကာ ကုမ္ပဏီ၏ ကာကွယ်ဆေးများကို ပြည်တွင်း၌ ထုတ်လုပ်နေသည့်တိုင် ကာကွယ်ဆေး ရရှိမှုတွင် အခက်အခဲများ ရှိနေသည့်အတွက် သမားရိုးကျမဟုတ်သော နည်းလမ်းများကို ကြံဆ ဆောင်ရွက်လာခြင်း ဖြစ်သည်။

Ref: CAN