ထိုင်းအစိုးရက ခရီးသွားလုပ်ငန်းကို ရက်ပေါင်း ၁၂၀ အတွင်းပြန်ဖွင့်မည်

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းအစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နှစ်ကျော်ကြာပိတ်ထားရသော ခရီးသွားလုပ်ငန်းကို ရက်ပေါင်း ၁၂၀ အတွင်း ပြန်ဖွင့်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယုချန်အိုချာက ဇွန် ၁၆ ရက်တွင်ပြောသည်။

အစိုးရအနေဖြင့် ယခုနှစ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၀၅ ဒသမ ၅ သန်းကိုရရှိထားပြီး လာမည့်နှစ်တွင် ကာကွယ်ဆေးများ ထပ်မံဝယ်ယူနိုင်ရန်ကြိုးပမ်းမည်ဟု ၎င်းင်းကနိုင်ငံတော်သို့ပြောသောမိန့်ခွန်းတွင် ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံအနေဖြင့် ဇူလိုင်မှစ၍ လစဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၀ သန်းထိုးပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့်   ကာကွယ်ဆေးအပြည့်အဝထိုးပြီးသော ခရီးသွားများ၊ ဒေသခံနှင့်ပြည်ပနိုင်ငံသားများကို ကွာရန်တင်းဝင်စရာမလိုဘဲ နိုင်ငံအတွင်း ဝင်ရောက်ခရီးသွားလာခွင့် ပြုရန်ရည်ရွယ်ထားကြောင်း ၎င်းကဆက်ပြောသည်။

ထိုသို့ ခရီးသွားလုပ်ငန်းပြန်လည်ဖွင့်လှစ်ခြင်းသည် ထိုလုပ်ငန်းမှတစ်ဆင့်ဝင်ငွေ ဆုံးရှုံးသွားသူများ၏ ခံစားရမှုကို လျော့ပါးစေရေး စတင်ရန် အရေးပါသောနည်းလမ်းများအနက်တစ်ရပ်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်သူများ၏ စီးပွားရေး လိုအပ်ချက် ကိုစဉ်းစားရာတွင် အချို့အရာများကို စွန့်စားလုပ်ဆောင်ရကြောင်း ဝန်ကြီးချုပ်က ပြောသည်။                 

 Ref: TST