ထွက်ပြေးတိမ်းရှောင်နေသော ဖမ်းဝရမ်းထုတ်ထားခြင်းခံရသည့် နိုင်ငံရေးတတ်ကြွလှုပ်ရှား သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစောင့်ကြည့်
နေပြည်တော်၊ မတ် - ၂၂
NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်သူများ၊NLD ထောက်ခံသူများနှင့် ဖမ်းဝရမ်းထုတ်ခြင်းခံရသော နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများသည် ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်နယ်မြေအတွင်း ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း သတင်းပေါင်းစုံထွက်ပေါ်နေလျက်ရှိသဖြင့် သက်ဆိုင်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ်လေ့လာစုံစမ်းနေကြောင်း သတင်းရရှိသည်။