ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေဘုန်းတော်ကြီးကျောင်းဆရာတော်အား ဆူပူ အကြမ်းဖက်သူများက လေးခွများဖြင့် ပစ်ခတ်

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဝဋ်ကြွေးတော်ပြေဘုန်းတော်ကြီးကျောင်းဆရာတော်အား ဆူပူ အကြမ်းဖက်သူများက လေးခွများဖြင့် ပစ်ခတ်

နေပြည်တော်၊  မတ် - ၃
    
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၂)ရပ်ကွက်၊ ကရုဏာလမ်း၊ အမှတ်(၅၂၀)ရှိ ဝဋ်ေ<ကးတော်ပြေဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တ သီရိဓမ္မ၊ သက်တော် ၅၀ နှစ်၊ ဝါတော် ၁၉ ဝါအား မတ် ၂ ရက် ည ၈ နာရီခန့်တွင် ဆူပူအကြမ်းဖက် သူ အင်အား ၁၀၀ ဦးခန့်က ကျောင်းအတွင်းဝင်ရောက်၍ လေးခွများဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော်တွင် နဖူး၊ ဦးခေါင်းနှင့် ဘယ်မျက်လုံးတို့ထိခိုက်ခဲ့ပြီး နယ်မြေခံတပ်မတော်ဆေးရုံ ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
    
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်အတွင်းမှ ဆူပူအကြမ်းဖက်သူ အင်အား ၁၀၀ ဦးက ကျောင်းအတွင်းသို့ ဝင်ရောက်၍ လူမိုက်အား ထုတ်ပေးရန် အော်ဟစ်ဆူပူလျက်ရှိသဖြင့် ဖြေရှင်းပြောဆိုရန် ထွက်လာစဉ် လေးခွများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော် ၁ ပါး၊ ကပ္ပိယ ၁ ဦးနှင့် ဘုန်းကြီးကျောင်းသား ၁ ဦးသာရှိပြီးကျောင်းအနီး၌ ကျူးကျော်နေထိုင်သည့် ဒေါ်ခင်လေးမြိုင်သည် ညအချိန်မတော် သံပုံးတီးခြင်းများနှင့်ပတ်သက်၍ ဆရာတော်က ပြောဆိုဆုံးမသည့်အပေါ် မကျေနပ်သဖြင့် ဘုန်းတော်ကြီးအတွင်း လူမိုက်များရှိနေကြောင်း ရပ်ကွက်အတွင်း ပြောဆိုခြင်းများကြောင့် ယခုကဲ့သို့ ရန်ပြုသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
    
လက်ရှိတွင် ဆရာတော်၏ ဒဏ်ရာများအား နယ်မြေခံတပ်မတော်၌ လိုအပ်သည့် ဆေးဝါးကုသမှုများနှင့် စမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိ သည်။