ဒယ်တာဗီဇပြောင်း ရောဂါပိုးအပေါ် ဖိုင်ဇာနှင့် မိုဒါနာ ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှု ၉၁ မှ ၆၆ ရာခိုင်နှုန်းသို့ ကျဆင်း

ဒယ်တာဗီဇပြောင်း ရောဂါပိုးအပေါ် ဖိုင်ဇာနှင့် မိုဒါနာ ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှု ၉၁ မှ ၆၆ ရာခိုင်နှုန်းသို့ ကျဆင်း

ဒယ်တာဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးအပေါ်  ဖိုင်ဇာ-ဘိုင်အိုအန်တက်နှင့် မိုဒါနာကုမ္ပဏီထုတ် ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှုသည် ယခင်က ၉၁ရာခိုင်နှုန်းရှိရာမှ ယခု ၆၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း  အမေရိကန်သုတေသနတစ်ခုတွင် ဖော်ပြထားသည်။

အဆိုပါသုတေသနကို   အမေရိကန် ကျန်းမာရေး ဝန်ထမ်းများနှင့် လုပ်ဆောင်ခြင်း ဖြစ်ပြီး   နိုင်ငံအတွင်းဒယ်တာဗီဇပြောင်း ရောဂါပိုးပျံ့နှံ့မှု နည်းပါးစဉ်က ထိုကာကွယ်ဆေးများ၏ အာနိသင်သည် ၉၁ ရာခိုင်နှုန်း ရှိရာ ရောဂါပိုးပျံ့နှံ့မှု များပြားလာသည့်အခါ အာနိသင်မှာ ၆၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားခြင်းဖြစ်ကြောင်း အမေရိကန်ရောဂါ ကာကွယ်ဆေး ထိန်းချုပ်ရေးဌာနက ထုတ်ပြန်ထားသည်။

ထိုဌာနသည် မြေပြင်တွင် လက်တွေ့ဖြစ်ပေါ်နေသည့် ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှုကို သိရှိနိုင်စေရေးအတွက် ယခုသုတေသနကို လုပ်ဆောင်ခြင်းဖြစ်ပြီး သုတေသနပညာရှင်များက   ပြည်နယ်ခြောက်ခုမှ ကျန်းမာရေးဝန်ထမ်း ထောင်ပေါင်းများစွာကို အပတ်စဉ်စစ်ဆေးမှုများနှင့် ရောဂါလက္ခဏာများ စောင့်ကြည့်မှုတို့ကို ဆောင်ရွက်သည်။

ထိုသို့သုတေသနပြုရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်မှ ယခုနှစ် ဧပြီ ၁ဝ ရက်အထိကာလအတွင်း လေ့လာမှုအရ  အဆိုပါ ကာကွယ်ဆေးများ၏  အာနိသင်ထိရောက်မှုမှာ ၉၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။

ယင်းနောက်  နိုင်ငံအတွင်းကူးစက်မြန် ပြင်းထန်   ဒယ်တာဗီဇပြောင်းကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့သည့် သြဂုတ် ၁၄ ရက် အထိသုတေသနပြုချက်များ အရ ကာကွယ်ဆေးများ၏ အာနိသင်ထိရောက်မှုမှာ   ၆၆ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ကို တွေ့ရခြင်း ဖြစ်သည်။

သို့သော် သုတေသနအတွက် ထည့်သွင်း စဉ်းစားရမည့်အချက်များ ရှိကြောင်း၊ ထိုအချက်များတွင်   ကာကွယ်ဆေးများ၏ အစွမ်း အာနိသင်သည် အချိန်ကြာလာသည့်နှင့်အမျှဆုတ်ယုတ်လာသည့် အချက်လည်း   ပါဝင်ကြောင်း  သုတေသန ပညာရှင်များက ပြော

သည်။