ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

ပင်းတယ၊ ဒေသဖွံ့ဖြိုးရေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၁၆ ဒသမ ၆၁ သန်းဖြင့် မြေလမ်း ၁၃ မိုင်၊ ကျောက်လမ်း ၁၂ မိုင် ၆ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၅ မိုင်၊ ကတ္တရာခင်းခြင်း ၁ မိုင် နှင့် ကျောက်စီရေမြောင်း ပေ ၄၀၀ တို့ကိုအကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးသဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ လမ်းပန်း ဆက်သွယ်မှု ပိုမိုကောင်းမွန်လာ၍ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။                

ကိုကိုကျော်