နယူးဇီလန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းဖောက်သူများကို ဒဏ်ငွေ တိုးမြှင့်သတ်မှတ်

နယူးဇီလန်က ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းဖောက်သူများကို ဒဏ်ငွေ တိုးမြှင့်သတ်မှတ်

နယူးဇီလန်နိုင်ငံ အစိုးရက ကိုဗစ်-၁၉  ရောဂါထိန်းချုပ်ရေး စည်းကမ်း ချိုးဖောက်သူများကို ဒဏ်ငွေ နယူးဇီလန်ဒေါ်လာ ၁၂ဝဝဝ အထိ ပေးဆောင်ရန်    တိုးမြှင့်သတ်မှတ်ကြောင်း တာဝန်ရှိသူများက ကြေညာသည်။

လက်ရှိတွင် နယူးဇီလန်နိုင်ငံ၌ ဥပဒေ ချိုးဖောက်မှုများကြောင့် အလူကာဒေသမှ အခြားဒေသများသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့နိုင်သည့်အပေါ် စိုးရိမ်ပူပန်နေစဉ် တာဝန်ရှိသူများသည်   ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဒဏ်ငွေကို တိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်းကဲ့သို့ တားမြစ်ထားသော အမိန့်ကို လိုက်နာခြင်းမရှိပါက အဆိုပါပြစ်မှု ကျူးလွန်သူအနေဖြင့် နယူးဇီလန်ဒေါ်လာ ၁၂ဝဝဝ  သို့မဟုတ် ထောက်ဒဏ်ခြောက်လ ကျခံရမည်ဖြစ်သည်။

တာဝန်ရှိသူူများသည် ယခင်က ထိုကဲ့သို့ စည်းကမ်းဖောက်သူများကို ဒဏ်ငွေ နယူးဇီလန် ဒေါ်လာ ၄ဝဝဝ သာ သတ်မှတ်ခဲ့ရာ စည်းကမ်းများ လိုက်နာမှု မရှိခြင်းကြောင့် ဒဏ်ငွေကို တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

ထို့ကြောင့် နှာခေါင်းစည်းတပ်ရမည် ဟူသောစည်းကမ်းကို  မလိုက်နာပါက ယခင်က နယူးဇီလန်ဒေါ်လာ ၃ဝဝ သာ ဒဏ်ငွေဆောင်ခိုင်းရာမှ ယခုအခါ ဒေါ်လာ ၄ဝဝဝ အထိ ဒဏ်ငွေဆောင်ရမည်ဖြစ်သည်။ အဆိုပါ ဒဏ်ငွေတိုးမြှင့် ကောက်ခံမှုသည် လာမည့် နိုဝင်ဘာလအထိ အကျုံးဝင်သည်။

လူဦးရေ ငါးသန်းနီးပါး ရှိသည့် နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်သည် ၁ဝ၈၅ ဦးသာ ရှိသည့်အတွက် အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးကြောင်း သိရသည်။