နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများဆွေးနွေး

နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများဆွေးနွေး

နေပြည်တော်  ဇန်နဝါရီ  ၂၀

နယ်စပ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုအား ယနေ့မွန်းလွဲ ၂ နာရီ တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနေမှုများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်-မြန်မာအသင်းတို့ နယ်စပ်ဒေသလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ ဂျပန်ဘာသာစကားပြောသင်တန်းဖွင့်လှစ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ Covid-19  အလွန်တွင် ဆက်လက်ဆောင်ရွက်မည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းဆိုင်ရာ ကိစ္စရပ်များ၊    The Nippon Foundation  နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းကိစ္စရပ်များ၊  ဂျပန်နိုင်ငံ Sustainabridge(SB) နှင့် ပူးပေါင်းဖွင့်လှစ်သည့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း(ဘားအံ)ကိစ္စရပ်များ၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဂျပန်နိုင်ငံ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် စေတနာအဖွဲ့၊ Terra People Association (TPA)၊ JICA၊ Nishida Barley Processing Co.,Ltd.. တို့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Ichiro MARUYAMA  နှင့် သံရုံးမှ   တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိသည်။