နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မိုးစပါးဧက ၁၉၀၀၀ ကျော်စိုက်ပျိုးပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တို့နှင့် မိုပိုင်းလွတ်၊ ထန်ပါ ခွေ၊ ဒုံဟီး၊ ပန်ဆောင်မြို့နယ်ခွဲတို့အတွင်း ယခုနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါး ဧက ၁၉၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်း လှိုင်ဦး၏ပြောဆိုချက်အရ သိရသည်။
စိုက်ပျိုးပြီးစီးမှုအနေဖြင့် လေရှီးမြို့ နယ်အတွင်း ၃၇၀၅ ဧက၊ မိုပိုင်းလွတ်မြို့ နယ်ခွဲအတွင်း ၁၀၂ ဧက၊ လဟယ်မြို့နယ် အတွင်း ၅၂၉၇ ဧက၊ ထန်ပါခွေမြို့နယ်ခွဲ အတွင်း ၅၁၄ ဧက၊ နန်းယွန်းမြို့နယ် အတွင်း ၂၀၂၇ ဧက၊ ဒုံဟီးမြို့နယ်ခွဲ အတွင်း ၄၈၉၆ ဧကနှင့် ပန်ဆောင်မြို့ နယ်ခွဲအတွင်း ၃၁၁၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
“နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မိုးစပါးကို ဒေသမျိုးတွေစိုက်ကြသလို အထွက်နှုန်းကောင်းတဲ့ စပါးမျိုး တွေကိုလည်း စိုက်ကြတယ်။ တောင်ယာစိုက်ပျိုးနည်း၊ ခေတ်မီလှေကားထစ်စိုက်ပျိုးနည်းနဲ့ မြေပြန့်နေရာတွေများတော့ မိုးကောင်း သောက်လယ်စိုက်ပျိုးနည်းတွေနဲ့ စိုက်ပျိုးကြတယ်။ အခုချိန်မှာ တောင်ယာစိုက်ပျိုး ဧကအားလုံးက စိုက်လို့ပြီးသလောက်ဖြစ် နေပြီ။ လှေကားထစ်နည်းနဲ့ စိုက်ပျိုးတာ တွေကစပြီး စိုက်တဲ့နေရာတွေ စိုက်နေကြပြီ။ မိုးကောင်းသောက်လယ်တွေကတော့ ထွန်ယက်ပျိုး ထောင်တဲ့လုပ်ငန်းတွေလုပ်နေပြီး တချို့လယ်တွေစစိုက်နေပါပြီ” ဟု ဦးဝင်းလှိုင်ဦးက ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပြီးခဲ့သည့် မိုးစပါးစိုက်ရာသီက ၄၉၃၃ ဧက စိုက်ပျိုး ပြီးစီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။