နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် သံဃာတော်များနှင့် ဒေသခံ ပြည်သူများက စားသောက်ဖွယ်ရာများလှူဒါန်း
နေပြည်တော်၊ မတ် - ၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သံဃာတော်များ၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များအတွက် ထားဝယ်မြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများက လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအတွက် မန္တလေးမြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ အတွက် စေတနာရှင်၊ အလှူရှင်များက လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။