နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော်   ဇွန်   ၁ဝ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲ(၆/၂ဝ၂၁)ကို ဇွန် ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပမည်ဖြစ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲအား MWD Channel ၊ MWD  Variety Channel ၊ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MITV ၊ MOI Website ၊ MOI Youtube နှင့် မြန်မာ့အသံ ရေဒီယိုတို့မှ တိုက်ရိုက်(LIVE ) ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။