နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ - ၂၀

ဆူပူအကြမ်းဖက်မှုကို လိုလားပြီး နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန် လည်ပတ် ရေးနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ထိုသို့လုပ်ဆောင်နေမှုများကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်နည်း ပညာတက္ကသိုလ်(နူကလီးယား)နည်းပညာဌာန ပါမောက္ခ ဒေါက်တာ မင်းမင်းစိုး(၄၃) နှစ်(ဘ)ဦးအောင်သိန်း သည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းနှင့် တည်ငြိမ်အေးချမ်းစွာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လိုက်လံစည်းရုံးခြင်း၊ ဆူပူဆန္ဒပြမှုတွင် ပါဝင်ခြင်း၊ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် လှုံ့ဆော်စာများရေးသားခြင်း၊ CDM တွင် ပါဝင်ခြင်းမရှိသည့် ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်များ ဆောင်ရွက်ခဲ့သဖြင့် ဧပြီ ၅ ရက်တွင် ကျောက်ဆည်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ယင်းသို့အမှုဖွင့်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ဒေါက်တာ မင်းမင်းစိုး အား တိမ်းရှောင်နေသည့် ကျောက်ဆည်နည်းပညာတက္ကသိုလ်အတွင်းရှိ ဝန်ထမ်း အိမ်ရာ၌ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျောက်ဆည်မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။