နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ကျင်းပမည်

နေပြည်တော် ဇွန် ၁ဝ

နိုင်ငံတော်သြဝါဒါစရိယ၊  နေပြည်တော်၊ ပျဉ်းမနားမြို့၊  မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဖြစ်တော်မူသော  သက်တော် ၉၅ နှစ်၊  သိက္ခာတော် ၇၅ ဝါရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တကဝိသာရ မဟာထေရ်ဆရာတော်ကြီးသည် ၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၁ ရက်(၂ဝ၂၁ ခုနှစ်၊ ဇွန်လ ၁ဝ ရက်)၊ ကြာသပတေးနေ့၊ နံနက် ၈ နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော် မူခဲ့ပါကြောင်းနှင့် ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော် အန္တိမအဂ္ဂိဈာပနကို ၁၄-၆-၂ဝ၂၁ (တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ပါကြောင်း သာသနာရေး ဦးစီးဌာနမှ သတင်း ရရှိသည်။