လန်ဒန်၊ နိုင်ငံရေး
နိုင်ငံအနည်းငယ်သာပါသည့်အဖွဲ့များက ကမ္ဘာ့ကံကြမ္မာကိုဖန်တီးနိုင်သည့်ခေတ်မရှိတော့ကြောင်း တရုတ်အစိုးရက ခုနစ်ပြည် ထောင်(G-7) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များကို ဇွန် ၁၃ ရက်တွင် သတိပေးလိုက်သည်။
နိုင်ငံများသည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အင်အားကြီးသည်ဖြစ်စေ၊ အင်အားနည်းသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ အားလုံးအတူတူပင်ဖြစ်သည်ဟု တရုတ်နိုင်ငံက အမြဲတမ်းယုံကြည်ထားကြောင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များကို နိုင်ငံအားလုံး၏ ပူးပေါင်းတိုင်ပင်ညှိနှိုင်းမှုမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း လန်ဒန်မြို့ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကပြောသည်။
အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နှင့်ဂျပန်နိုင်ငံတို့ပါဝင်သော ခုနစ်ပြည်ထောင်အဖွဲ့မှ နိုင်ငံ့ခေါင်းဆောင်များက ယခုနှစ်အတွက် ထိပ်သီးဆွေးနွေးပွဲကို အင်္ဂလန်နိုင်ငံ၌ကျင်းပနေစဉ် တရုတ်နိုင်ငံ၏ အင်အားကြီးထွားလာမှုအပေါ်ပူးပေါင်းတုံ့ပြန်ရန် တောင်းဆိုမှုများထွက်ပေါ်လာပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသော ခါးပတ်တစ်ကွင်းလမ်းတစ်ကြောင်းရှေ့ပြေးစီမံကိန်းများကို ယှဉ်ပြိုင်နိုင်ရေး အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အခြေခံအဆောက်အဦစီမံကိန်းများ အကောင်အထည်ဖော်သွားရန်လည်း ခုနစ်ပြည်ထောင်အဖွဲ့က စီစဉ်နေသည်။
စစ်အေးတိုက်ပွဲကြီးကိုအဆုံးသတ်သွားစေသည့် ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုပြီးနောက် တရုတ်နိုင်ငံ၏ အင်အားကြီး ထွားလာမှုသည် လက်ရှိကာလတွင် အရေးပါသောပထဝီနိုင်ငံရေးဖြစ်စဉ်များအနက် တစ်ခုဖြစ်သည်ဟု အင်အားကြီးနိုင်ငံများက ယူဆ ကာ တရုတ်ကိုထိန်းချုပ်ရန် ကြိုးပမ်းမှုများ လုပ်လာခြင်းဖြစ်ကြောင်း သိရသည်။
Ref: CAN