နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေ

နေပြည်တော် သြဂုတ် ၁၈

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်(ဟောင်း) ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလိုစုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍   အဂတိလို က်စားမှုတိုက်ဖျက်ရေးကော်မရှင်က   စုံစမ်းစစ်ဆေးရေးအဖွဲ့   ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ပုဂ္ဂိုလ်တစ်ဦးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက် အတွင်းရှိ   စီးပွားရေးဇုန်ဧရိယာအတွင်း မြေဧက ၂၀ ကို ဥပဒေလုပ်ထုံး လုပ်နည်းနှင့်မညီဘဲ နေရာချထားပေးခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေ ကွက်အမှတ်(ဥ-၁၀၀၂)၊ မြေဧရိယာ ၂ ဒသမ ၀၇ ဧကပေါ်တွင် ၎င်းနေထိုင်ရန်အတွက် တစ်ထပ်တိုက်နေအိမ်တစ်လုံးကို ယခင်နှစ် ဈေးနှုန်းဖြစ်သည့်   တန်ဖိုးငွေကျပ်သိန်း ၁၃၅၀ ဖြင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုကာ ပထမအရစ် ငွေကျပ်သိန်း ၂၇၀ ကိုသာ ပေး၍ အိမ်ဆောက်လုပ်စေခဲ့ခြင်း၊ အိမ်ဆောက်လုပ်ပြီးစီး၍ နေထိုင်နေပြီဖြစ်သော် လည်း ပေးရန်ကျန်ငွေကျပ်သိန်း ၁၀၈၀ ကို ပေးအပ်ခဲ့မှုမရှိခြင်းတို့သည် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း။         

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် (ဟောင်း) ဒေါက်တာ မျိုးအောင်သည် နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်အတွင်း ပြည်သူ့အငှား အိမ်ရာစီမံကိန်း (Myanmar Developer Association) ကို တည်ထောင်ပြီး နိုင်ငံ့ဝန် ထမ်းအငြိမ်းစားအိမ်ရာတည်ဆောက်ရာ၌ ဆောက်လုပ်ခွင့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသူအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ နီလာ(၁)လမ်းရှိနေအိမ်တွင် လက်ခံတွေ့ဆုံကာ  လာဘ်ငွေအဖြစ်  ပေးအပ်သော ငွေကျပ်သိန်း  ၁၁၀  ကို လက်ခံရယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသို့ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့ရန်သုံးစွဲခဲ့ခြင်းသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း။

နေပြည်တော်   စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သောအသုံးစရိတ်အတွက် နေပြည်တော် ကောင်စီ ဝင်(ဟောင်း) များထံမှ စုစုပေါင်း ငွေကျပ် သိန်း  ၃၀  ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော် ကောင်စီရုံးရှိ ၎င်း၏ ရုံးခန်း၌ လက်ခံရယူခဲ့ခြင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ တံစိုးလက် ဆောင်အဖြစ်  ငွေကြေးတောင်းခံရယူပြီး အဂတိလိုက်စားမှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်သည် နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူး မြေကွက် (၁၆)ကွက် ဖော်ထုတ်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ မေ ၄ ရက် ရက်စွဲပါ စာအမှတ်၊ ၁၂၆(၁)/၈/သမ္မတ ရုံးဖြင့်ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင် မြေရောင်းချရငွေများကို  နိုင်ငံတော်သို့ ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ပိုင် ငွေကြေး စုစုပေါင်းငွေကျပ်  ၁၉၃၃ သန်းကျော်ကို ဆုံးရှုံးစေခဲ့ကြောင်း။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်(၂)(ဟောင်း) ဦးမင်းသူနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်(၃)(ဟောင်း) ဒေါ်စံပယ်ထွေးတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာ သိဒ္ဓိရပ်ကွက်ရှိအထူးမြေကွက် (၁၆)ကွက် ဖော်ထုတ်ရာတွင်  နေပြည်တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန်မလိုသည့် ကိုယ်ပိုင်မြေကွက်များတွင် မြေကြီး Level ညှိခြင်းလုပ်ငန်းများ၊ မြေကွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့်  နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေကျပ် ၁၄၈ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း။

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန်ဧရိယာအတွင်း၌ မြေကွက်(၄၄) ကွက်၊ စုစုပေါင်း မြေဧရိယာ ၇၄ ဒသမ ၇၆ ဧကကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ/လူပုဂ္ဂိုလ် ၁၉ ဦးတို့ထံ တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် မြေနေရာချထားရာတွင် နေပြည်တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်လျက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးများဖြင့်သာဆုံးဖြတ်၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် ငွေကျပ်သိန်း ၁၄၉၅၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာ မျိုးအောင်၊  ဦးရဲမင်းဦး၊ ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ   ၅၅ အရ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင်  ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍  တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း   အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 (သတင်းစဉ်)