နေပြည်တော်ရှိမင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး (Quarantine Center) ၌ ကိုဗစ် - ၁၉ ရောဂါသံသယလူနာများထားရှိမှုအား တွေ့ဆုံမေးမြန်း

နေပြည်တော်ရှိမင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး (Quarantine Center) ၌ ကိုဗစ် - ၁၉ ရောဂါသံသယလူနာများထားရှိမှုအား တွေ့ဆုံမေးမြန်း

ယခုကာလသည် ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၌လည်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ လူဦးရေနှစ်သိန်းကျော်ရှိပြီဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့ရှိ  မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကိုဗစ် -၁၉ ရောဂါ သံသယလူနာများထားရှိရန် Quarantine Center  ဖွင့်လှစ်ထားရှိရာ သံသယလူနာများ လက်ခံထားရှိမှုအခြေအနေနှင့်ပတ်သက်၍ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးQuarantine Center ရှိ တာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားမှုများကို ပြည်သူများသိရှိနိုင်ရန် ဖော်ပြလိုက်ရပါသည်-

မေး။  ဆရာ့ရဲ့အမည်၊ ရာထူးနဲ့တာဝန်ကို မိတ်ဆက်ပေးပါဦးခင်ဗျာ။
ဖြေ။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒက္ခိဏခရိုင် အထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်းဖြစ်ပါတယ်။    မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး Quarantine Center မှာ တာဝန်ယူရတဲ့အပိုင်းကတော့ ဒီမှာတာဝန်ကျတဲ့ ဌာနဆိုင်ရာတွေ၊ Volunteer တွေကို စီမံအုပ်ချုပ်ရတဲ့အပိုင်းနဲ့Quarantineဝင်ရောက်လာတဲ့ Center လူနာတွေရဲ့နေရေးထိုင်ရေး၊  စားသောက်ရေးတွေ ကိုလည်း တာဝန်ယူဆောင်ရွက်ရပါတယ်။

မေး။ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးမှာ အခုလို  Quarantine Center ကို ဘယ်အချိန်က စတင်ဖွင့်လှစ်ထားပါသလဲ။ 

ဖြေ။  မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီးမှာ Quarantine Center ကို ၂၀၂၁ခုနှစ် ဇူလိုင် ၁၁ ရက်မှာ စတင်ဖွင့်လှစ်ထားရှိပါတယ်။

မေး။ Quarantine Center ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါလို့ သံသယရှိတဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဘယ်မြို့နယ်ကဖြစ်ဖြစ် လက်ခံထားမှာလား၊ လူဦးရေဘယ်လောက် လက်ခံထားရှိဖို့   စီစဉ်ဆောင်ရွက်ထားပါသလဲ။ 

ဖြေ။ ကျွန်တော်တို့ Quarantine Center က  Contact   လူနာတွေထားတဲ့  Center   ဖြစ် တဲ့အတွက် အခြားတိုင်းဒေသကြီး^ပြည်နယ်တွေကနေ ပြန်ရောက်လာတဲ့သူတွေထဲမှာ Positive  လူနာတွေနဲ့   ထိစပ်ခဲ့တဲ့သူတွေ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဘယ်မြို့နယ်ကဖြစ်ဖြစ် Positive လူနာ တွေနဲ့ထိစပ်ခဲ့တဲ့ မည်သူ့ကိုမဆိုလက်ခံပါတယ်။ လူဦးရေကတော့ ၄၇၂ ဦး လက်ခံထားဖို့ စီစဉ်ထားပါတယ်၊၊     

မေး။  ဟုတ်ကဲ့၊ သံသယလူနာတစ်ဦးက ဒီမင်္ဂလာဗျူဟာသာသနာ့ဗိမာန်Quarantine Center ကိုလာရောက်ပြီးQuarantineန ဝင်မယ်ဆိုရင် ဘာတွေလိုပါသလဲ၊၊  

ဖြေ၊၊ ကျန်းမာရေးဌာနကသတ်မှတ်ထားတဲ့ ပုံစံများအတိုင်း      ဖြည့်စွက်ရပါမယ်။ ဘာတွေပါရမလဲဆိုတော့ အမည်၊ အသက်၊ အဘအမည်၊   နေရပ်လိပ်စာ၊   ထိစပ်ခဲ့သူအမည်တွေကိုဖြည့်စွက်ပြီး လွှဲစာနဲ့အတူ တာဝန်ကျ    ကျန်းမာရေးဝန်ထမ်းတွေကိုပြသစာရင်းဖြည့်သွင်းပြီးရင် Quarantine Center  ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။ 

မေး၊၊ Quarantine Center  ရောက်ရှိလာတဲ့ သံသယလူနာတွေထဲက အချို့မှာ ကိုဗစ်-၁၉ ရောဂါမဖြစ်ဘဲ ရာသီအကူးအပြောင်းကြောင့် နာမကျန်းဖြစ် သူတွေရှိခဲ့မယ်ဆိုရင် ကိုဗစ် -၁၉ ဏသျငအငလန လူနာမဟုတ်တဲ့အတွက် သူတို့ကို ပြန်လွှတ်မှာလား သို့မဟုတ် ကုသရေးအပိုင်းအနေနဲ့ ဆက်လက်ကုသပေး သွားဖို့ရှိလားခင်ဗျ။ 

ဖြေ။   မင်္ဂလာဗျူဟာသာသနာ့ဗိမာန် Quarantine Center  မှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာတွေနဲ့ ထိစပ်ခဲ့တဲ့ Contact Person  တွေကို အသွားအလာကန့်သတ်ထားခြင်းဖြစ်ပါတယ်။ သူတို့ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ^မရှိ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီး ပိုးမတွေ့ဘူးဆိုရင် သူတို့နေအိမ်အသီးသီးကို ပြန်လည်စေလွှတ်ပေးပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ညွှန်ကြားချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေကို   သတ်မှတ်ထားတဲ့ဆေးရုံတွေနဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာတွေကို လွှဲပြောင်းပေးပြီးတော့ လိုအပ်တဲ့ကုသမှုတွေကို ဆောင်ရွက်ရပါတယ်။ 

မေး။  သံသယလူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းအနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ပေးသွားဖို့ရှိလဲခင်ဗျ၊၊ 
ဖြေ။  မင်္ဂလာဗျူဟာသာသနာ့ဗိမာန်Quarantine Center ရှိ သံသယလူနာတွေကို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ဆေးရုံကြီးတွေနဲ့ ချိတ်ဆက်ပြီး ကုသပေးခြင်း စတာတွေကို  ဆောင်ရွက်ပေးပါတယ်။ 
မေး။ သံသယလူနာတစ်ဦးကိုQuarantine Center  ရောက်ရှိပြီး ဘယ်နှရက်အကြာ မှာ  Swab  ဘယ်နှကြိမ်ယူမှာလဲသိပါရစေ။Swab  ယူပြီးနောက် စစ်ဆေးမှုအပိုင်းမှာရော ဘယ်လိုစစ်ဆေးတာလဲခင်ဗျ။ ဘယ်ဆေးရုံ၊ ဓာတ်ခွဲခန်းကိုပို့ပြီးစစ်တယ်ဆိုတဲ့ လုပ်ဆောင်ပုံအဆင့်ဆင့်ကို  သိပါရစေခင်ဗျ။

ဖြေ ။ သံသယလူနာတစ်ဦးကိုQuarantine Center  ရောက်ရှိပြီး နောက်နေ့မှာ   ပထမအကြိမ်Swab  ယူပါတယ်။Swab  ယူပြီး Negative ဆိုရင် သုံးရက်မြောက်နေ့မှာ ဒုတိယအကြိမ်Swab ထပ်ယူပါတယ်။Swabနှစ်ကြိမ်စစ်ဆေးပါတယ်။ စစ်ဆေးမှုအပိုင်းကတော့ Test Kit  နဲ့ပဲစစ်တာပါ။ နှစ်ကြိမ်စစ်ပြီးလို့  Negative  ဆိုရင်တော့ PCR day -7((အာခေါင်တို့ဖတ်) စစ်ဆေးမှုကို ပျဉ်းမနားမြို့နယ် ပေါင်းလောင်းအားကစားကွင်းမှာစစ်ဆေးပြီး    နေပြည်တော် တပ်မတော်ဆေးရုံ  ခုတင် - ၁၀၀၀ ကို ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးပါတယ်။

မေး။ အကယ်၍  Positive အဖြေထွက်ခဲ့ရင် ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲဆိုတာနဲ့ Negative အဖြေထွက်ရင်ရော ဘယ်နှရက်ထားပြီး ပြန်လွှတ်မလဲ သိပါရစေခင်ဗျ။

ဖြေ။  Contact လူနာတွေကို Test Kit  နဲ့ စစ်ဆေးလို့ Positive  ထွက်လာခဲ့ရင်တော့ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး Positive လူနာတွေထားရှိတဲ့ သက်ဆိုင်ရာ ဆေးရုံတွေ၊ Positive Center တွေကို  ပို့ဆောင်ပေးနိုင်ရေးစီမံဆောင်ရွက်ပေးရပါတယ်။   ပထမအကြိမ် Negative အဖြေထွက်ခဲ့ရင်တော့  သုံးရက်ထားပြီး ဒုတိယအကြိမ်   ထပ်မံစစ်ဆေးပါတယ်။ ထပ်မံစစ်ဆေးလို့ Negative  ဖြစ်ခဲ့ရင်တော့   ကျန်းမာရေးဌာနကထုတ်ပေးတဲ့ Certificate   နဲ့အတူ မိမိနေအိမ်မှာStay  Home  နေထိုင်ဖို့ ပြန်လွှတ်ပါတယ်။ PCR Day-7 (အာခေါင်တို့ဖတ်) မစစ်ရသေးတဲ့အတွက်Stay Home  နေထိုင်စဉ်ကာလ အတွင်း ပျဉ်းမနားမြို့နယ် ပေါင်းလောင်း အားကစားကွင်းမှာ PCR  (အာခေါင်တို့ဖတ်) သွားရောက်စစ်ဆေးမှုခံယူဖို့ ကျန်းမာရေးဝန်ထမ်းတွေက မှာကြားရပါတယ်။

မေး။ သံသယလူနာတွေကို ထားရှိတဲ့နေရာမှာ သူတို့ရဲ့နေရေးထိုင်ရေး၊ ကျန်းမာရေး၊ စားရေးသောက်ရေးအပိုင်းတွေကို ဘယ်လိုစီမံဆောင်ရွက်ထားပါသလဲ။ အဲ့လိုကဏ္ဍအလိုက်ဆောင်ရွက်ဖို့ ဘယ်ကဏ္ဍတွေမှာ လူဦးရေဘယ်လောက်တာဝန်ချထားပါသလဲ။
ဖြေ။ သံသယလူနာတွေကို ထားရှိတဲ့နေရာမှာ သူတို့ရဲ့ နေရေးထိုင်ရေး၊ ကျန်းမာရေး၊ စားရေးသောက်ရေးအပိုင်းတွေကို နေပြည်တော်ကောင်စီအစိုးရအဖွဲ့ရုံးရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ကျွန်တော်တို့စီမံအုပ်ချုပ်မှုရုံးအဖွဲ့က တာဝန်ယူဆောင်ရွက်ရပြီး စီမံအုပ်ချုပ်မှုရုံးအဖွဲ့မှာ ကျွန်တော်အပါအဝင် အဖွဲ့ဝင်ဝန်ထမ်းငါးဦး တာဝန်ထမ်းဆောင်ရပါတယ်။ ျှမမေညေအငညန ဃနညအနမ အတွင်း^အပြင် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ခြောက်ဦး၊ လူနာများကျန်းမာရေးအတွက် ကျန်းမာရေးဌာနက ခြောက်ဦး၊ ဃသညအခေအ လူနာအခန်းတွေနဲ့ ဗာဘကူညေခန ကားတွေကို ဆေးဖျန်းဖို့ မီးသတ်ဌာနကသုံးဦး၊ ဠသူကညအနနမ ကြက်ခြေနီရှစ်ဦးတို့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ အကယ်၍ မိမိကိုယ်ကို သံသယဖြစ်လို့ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာ သံသယလူနာရှိလို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်Qrarantine Center  ကို  လာရောက်ဖို့ စုံစမ်းချင်တယ်ဆိုရင် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ ပြောပြပေးပါခင်ဗျာ။ဖြေ။ မိမိကိုယ်ကို သံသယဖြစ်လို့ သို့မဟုတ် မိမိပတ်ဝန်းကျင်မှာ သံသယလူနာရှိလို့ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်Qrarantine Center ကို လာရောက်ဖို့ စုံစမ်းချင်တယ်ဆိုရင် မင်္ဂလာဗျူဟာသာသနာ့ဗိမာန်Qrarantine Center စီမံအုပ်ချုပ်မှုရုံးအဖွဲ့ ဖုန်းနံပါတ်ကတော့ ၀၉-၄၅၅၀၅၀၂၉၂၁ ဖြစ်ပါတယ် ခင်ဗျာ။

မေး။ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်- ၁၉ တတိယလှိုင်းဟာ ပထမလှိုင်း၊ ဒုတိယလှိုင်းတို့ထက် ကူးစက်ပြန့်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်း ပိုပြီးများပြားတယ်လို့သိရပါတယ်။ တတိယလှိုင်း ကြံ့ကြံ့ခံပြီး ဖြတ်ကျော်နေကြတဲ့ပြည်သူတွေကို အကြံပြုစကား၊ အားပေးစကားလေး ပြောပေးပါခင်ဗျာ။ 

ဖြေ။ ကိုဗစ် - ၁၉ ရောဂါဟာ အခုလက်ရှိမှာ ကူးစက်မှုနှုန်းတအားမြန်နေပါတယ်။ ပြည်သူတွေအနေနဲ့    ဒီအခြေအနေကို စိတ်ဓာတ်ကျမနေဘဲ အာဟာရပြည့်ဝတဲ့   ဘယ်အစားအစာမျိုးကိုမဆိုစားပါ။ ကောင်းစွာအိပ်စက်အနားယူပါ။ ရေများများသောက်ပါ။ လူတစ်ဦးနဲ့တစ်ဦး အနည်းဆုံး ၆ ပေ အကွာနေထိုင်ခြင်း၊Mask တပ်ခြင်း၊ လက်ဆေးခြင်း စတာတွေကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရင်း ကိုဗစ် - ၁၉ ရောဂါ တတိယလှိုင်းကို     ကိုယ်ပိုင်အသိစိတ်ကိုယ်စီနဲ့ ကျွန်တော်တို့အားလုံး အတူတကွလက်တွဲပူးပေါင်းကာကွယ်တိုက်ဖျက်သွားကြပါစို့လို့ပြောကြားလိုပါတယ်။                  
နိုင်ထွန်း