ပင်းတယမြို့ ရိုးရာလက်မှုဝါးထိုင်ခုံများ ပြုလုပ်ရောင်းချလျက်ရှိ

ပင်းတယမြို့ ရိုးရာလက်မှုဝါးထိုင်ခုံများ ပြုလုပ်ရောင်းချလျက်ရှိ

ပင်းတယ၊ စီးပွားရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ငှက်ပျော တောရပ်ကွက်ရှိ နေအိမ်အချို့နှင့် မြို့နယ်ကျေးရွာအနှံ့အပြားရှိ နေအိမ်အချို့တို့တွင် ဓနု၊ တောင်ရိုး တိုင်းရင်းသား ရိုးရာလက်မှု လုပ်ငန်းဖြစ်သော ဝါးဖြင့်ပြုလုပ်ရသည့် ထိုင်ခုံအမျိုးအစားများ ဝယ်ရန်မှာယူသမျှ ထိုင်ခုံများအား ပြုလုပ်ပို့ဆောင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

ဓနုနှင့်တောင်ရိုးတိုင်းရင်းသားများသည် ဝါးထိုင်ခုံများပြုလုပ်ရာတွင် ဝါးထိုင်ခုံငယ်များ၊ ထိုင်ခုံရှည် အမျိုးအစားနှင့် ဧည့်ခံပစ္စည်းတင်ခုံများကိုမှာယူလျှင် အချိန်မီပြီးစီးအောင် မိသားစုဝင်များကပါ ဝိုင်းဝန်း လုပ်ကိုင်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိုင်ခုံငယ်တစ်ခုံလျှင် ငွေကျပ် ၉၀၀၀ မှ ၁၀၀၀၀၊ ပစ္စည်းတင်ခုံတစ်ခုံ လျှင် ငွေကျပ် ၁၀၀၀၀ မှ ၁၂၀၀၀၊ ပက်လက်ထိုင်ခုံရှည်တစ်ခုံလျှင် ငွေကျပ် ၁၃၅၀၀ မှ ၁၅၀၀၀ အထိ ဈေးနှုန်းရှိသည်။

ပင်းတယမြို့ပေါ်   ရပ်ကွက်များနှင့် ကျေးရွာများမှ ဓနု၊ တောင်ရိုးတိုင်းရင်းသား   များသည် မိရိုးဖလာဝါးထိုင်ခုံများကို ပြုလုပ် ရောင်းချသူအများအပြားရှိကြပြီး ဝယ်ယူသူများထံသို့ မှာယူသမျှထို င်ခုံများ ပို့ဆောင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။