လာဟိုး၊ ကျန်းမာရေး
ပါကစ္စတန်နိုင်ငံရှိ ပန်ဂျပ်ပြည်နယ်အစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးသူများ၏မိုဘိုင်းဖုန်းများကို ပိတ်သွားမည်ဖြစ် ကြောင်း ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည်။ ပါကစ္စတန်၌ လူဦးရေအနည်းငယ်သာ ကာကွယ်ဆေးထိုးထားသည့်အတွက် ယခု လုပ်ဆောင်ချက်သည် ကာကွယ်ဆေး မထိုးရသေးသူများကို အပြစ်ပေးရန်လုပ်ဆောင်ခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးရန်ငြင်းပယ်သောအစိုးရဝန်ထမ်းများကို ဇူလိုင်လမှစ၍ လစာပေးမည်မဟုတ်ကြောင်း ဆင်းပြည်နယ် အစိုးရက ပြောပြီးနောက် ပန်ဂျပ်ပြည်နယ်က ယခုကဲ့သို့ လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။ ပါကစ္စတန်နိုင်ငံ၌ တင်းကျပ်သော ကန့်သတ် ချက်များကို သီတင်းပတ်များစွာ ကြာချမှတ်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ဖြစ်ပွားမှုမှာ စတင် တည်ငြိမ် လာပြီဖြစ်သည်။ သို့သော် နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်သော ပန်ဂျပ်ပြည်နယ်၌ ကာကွယ်ဆေးထိုးလိုသူ အရေ အတွက်မှာ နည်းပါးနေသေးသည်။
တာဝန်ရှိသူများက ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးရန် တိုက်တွန်းသော်လည်း ၎င်းင်းတို့ကတုံ့ဆိုင်းနေသည့်အတွက် ထိုဆုံးဖြတ်ချက်ကိုချမှတ်ရခြင်းဖြစ်ကြောင်း ပန်ဂျပ်အခြေခံကျန်းမာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟမ်မတ်ရာဇာကပြောသည်။
ပြည်နယ်ဆက်သွယ်ရေးဌာနကလည်း မိုဘိုင်းဖုန်းများပိတ်ရေး စီမံချက်အကောင်အထည်ဖော်ရန် ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ ပါကစ္စတန်နိုင်ငံ၌ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တစ်နိုင်ငံလုံးကိုကာကွယ်ဆေးထိုးပေးရာ လူ ၂ သိန်း ကျော်ကို ကာကွယ်ဆေးထိုးပေးထားနိုင်သည်။ သို့သော် ထိုပမာဏသည် လူဦးရေသန်း ၂၂၀ ရှိသည့် ပါကစ္စတန်နိုင်ငံ အတွက် မပြောပလောက်သော ပမာဏဖြစ်ကြောင်း သိရသည်။
Ref: TST