ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

မင်းဘူး၊ အားကစား

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန် ၂၅ ရက် နံနက် ၉ နာရီတွင် မင်းဘူးခရိုင်အားကစားခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ တတိယလုပွဲကို မန်းရေနံ မီးသတ်(ခ)အသင်းနှင့် မန်းရေနံမီးသတ်(က)အသင်းတို့ကလည်းကောင်း၊ ဗိုလ်လုပွဲ ကို အိမ်ယာ(ခ)အသင်းနှင့် Diamong အသင်းတို့ကလည်းကောင်း အသီးသီးယှဉ်ပြိုင်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ပထမဆုရ Diamong အသင်း၊ ဒုတိယဆုရ အိမ်ယာ(ခ)အသင်း၊ တတိယဆုရ မန်းရေနံမီးသတ်(ခ)အသင်းတို့မှ အသင်းသားများကို တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ကြသည်။ အဆိုပါပြိုင်ပွဲကို ဇွန် ၂၃ ရက်မှစတင် ၍ အုပ်စုလေးစု၊ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် အုပ်စုပွဲစဉ်များကို စတင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။