ပိုလန်က အေဘရမ်တင့်အစီး ၂၅ဝ ကို နိုင်ငံအရှေ့ပိုင်းတွင် ဖြန့်ကြက်မည်

ပိုလန်က အေဘရမ်တင့်အစီး ၂၅ဝ ကို နိုင်ငံအရှေ့ပိုင်းတွင် ဖြန့်ကြက်မည်

ပိုလန်နိုင်ငံအနေဖြင့်   အမေရိကန်နိုင်ငံမှ ဝယ်ယူထားသော အေဘရမ်တင့်အစီး ၂၅ဝ ကို နိုင်ငံအရှေ့ပိုင်းနယ်စပ်တွင် ဖြန့်ကြက်မည်ဖြစ်ကြောင်း  ကာကွယ်ရေး ဝန်ကြီးက စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။

ပိုလန်နိုင်ငံသည်   အမေရိကန်နိုင်ငံမှ M1A2 Abrams SEPv3အမျိုးအစား တင့်အစီးရေ ၂၅ဝ ဝယ်ယူရန်  စာချုပ်ချုပ် ဆိုထားပြီးဖြစ်ကာ ၂ဝ၂၂ ခုနှစ်တွင် ရရှိမည် ဟု မျှော်လင့်ရသည်။

ထိုတင့်များသည်  နောက်ဆုံးပေါ် တင့်များဖြစ်ပြီး   ပိုလန်နိုင်ငံကို ရန်သူ့နိုင်ငံ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် ထိုကဲ့သို့သော တင့်များ လိုအပ်ကြောင်း    ကာကွယ်ရေးဝန်ကြီးက ဆက်ပြောသည်။

ပိုလန်နိုင်ငံက ရုရှားနိုင်ငံကို ရန်ဘက်အဖြစ် သတ်မှတ်ထားကာ NATO တပ်ဖွဲ့အနေဖြင့် ရုရှားနိုင်ငံနှင့် ထိပ်တိုက်တွေ့ဆုံရေးကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းထားသည်။

သို့သော် ရုရှားနိုင်ငံက ၎င်းတို့အနေဖြင့် NATO အဖွဲ့ဝင်နိုင်ငံများ အပြင် မည်သည့် နိုင်ငံကိုမျှ တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း အခိုင်အမာ ကတိပြုထားသော်လည်း ရုရှားနိုင်ငံ၏ နယ်မြေပိုင်နက်ကို ကျူးကျော်ရန် ကြိုးပမ်းမှုနှင့်   ဖွံ့ဖြိုးတိုးတက်မှုတို့ကိုဟန့်တားမည့်  ဆောင်ရွက်ချက်များကိုမူ  လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း ပြောထားသည်ဟု သိရသည်။   

Ref: Sputnik