ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထားက ရန်ကုန်-ပြည်လမ်းပိုင်း၌အမှတ်(၆၃)အဆန်၊အမှတ်(၆၄)အစုန် စာပို့ရထားပြေးဆွဲမည်

နေပြည်တော်၊ ဧပြီ ၂၃ 
    
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားသည် ရထားစီးခရီးသွား မိဘပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ (၆၄)အစုန် စာပို့ရထားခရီးစဉ်ကို ဧပြီလ ၂၄ ရက်နေ့မှစ၍ ပြေးဆွဲသွားမည်ဖြစ်သည်။

ရန်ကုန်-ပြည်လမ်းပိုင်း၌ အမှတ်(၆၃)အဆန်၊ အမှတ်(၆၄)အစုန်စာပို့ရထားခရီးစဉ်ကို အဆန်တစ်ရက်၊အစုန်တစ်ရက် ပြေးဆွဲသွားမှာဖြစ်ပြီး ဧပြီလ(၂၄)ရက်နေ့တွင် အမှတ်(၆၃) အဆန်စာပို့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီ ၄၅ မိနစ်တွင် စတင်ထွက်ခွာမည်ဖြစ် ပြီး ပြည်ဘူတာသို့ ည ၆ နာရီ ၄၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပါသည်။ 
အမှတ်(၆၄)အစုန်စာပို့ရထားသည်လည်း ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ဘူတာမှ နံနက် ၆ နာရီ တွင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ညနေ ၆ နာရီ ၃၀ မိနစ်တွင်ဆိုက်ရောက်မည်ဖြစ်ပြီး အစုန်/အဆန် ပြေးဆွဲပြီးတိုင်း တစ်ရက် ရပ်နားမည်ဖြစ်ပါသည်။ တွဲဆိုင်းဖွဲ့ဆင်မှုအနေဖြင့် စက်ခေါင်း(၁)၊ အထက်တန်း(၁)တွဲ၊ ရိုးရိုးတန်း(၃)တွဲ၊ဘရိတ်တွဲ(၁) တွဲ၊လပ်ဂိတ်တွဲ(၁)တွဲ၊ပါဆယ်တွဲ(၁)တွဲ စုစုပေါင်း(၈)တွဲဖြင့်ချိတ်ဆက်ပြေးဆွဲပေးသွားမှာဖြစ်ပါသည်။

ရန်ကုန်-ပြည်လမ်းပိုင်းတစ်လျှောက်တစ်ရှိ  ဘူတာစဉ်များ၌ ရပ်တန့်ပေးမည်ဖြစ်ပြီး ရထားဖြင့် လိုက်ပါစီးနင်းလိုသော ခရီးသွားမိဘပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ စီးနင်းနိုင်ကြောင်းနှင့်မန္တလေး - ကောလင်းလမ်းပိုင်း၌လည်း RBE (၂)တွဲပါ ရထားတွဲဆိုင်း ဖြင့် ဧပြီ ၂၆ ရက်နေ့မှစ၍ မန္တလေး-ကောလင်းခရီးစဉ်အဖြစ် စတင်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

မြန်မာ့မီးရထား