နေပြည်တော်၊ လူမှုရေး
နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြစိမ်းရောင်(အသားကဏ္ဍ)မွေးမြူရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ မေ ၂၀ ရက်တွင် ရွာသစ်ကျေးရွာအုပ်စု ကျွန်းကုန်းကျေးရွာ(KC)ခန်းမ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က မြစိမ်းရောင်(အသားကဏ္ဍ)ဆဋ္ဌမအကြိမ် လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် အဟာရပြည့်ဝစေရန်ရည်မှန်းပြီး မြစိမ်းရောင် အသား ကဏ္ဍ ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒက္ခိဏခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ လှမျိုးသန့်က မွေးမြူးရေးဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ကြမည့် အသင်းဝင် ၁၅၂ ဦးတို့အတွက် ဝက်တစ်ကောင်လျှင် ငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် မြစိမ်းရောင်(အသားကဏ္ဍ)ဆဋ္ဌမအကြိမ် လည်ပတ်ရန်ပုံငွေကျပ် ၄၆၀၆၀၀၀၀ သိန်းကို ကျေးရွာမြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေကြီးကြပ်ရေး ကော်မတီဝင်များထံသို့ လွှဲပြောင်းပေး ကြောင်း သိရသည်။
စိုးမိုးအောင်