ပြင်သစ်လီဂူးဝမ်းတွင် ပီအက်စ်ဂျီအသင်း ယခုရာသီ ငါးပွဲမြောက် ရှုံးပွဲတွေ့ကြုံ

ပဲရစ်၊ ဘောလုံး

ပြင်သစ်ထိပ်သီးအသင်း ပီအက်စ်ဂျီအသင်းသည် ဖေဖော်ဝါရီ ၂၁ ရက်ညက ယှဉ်ပြိုင်ကစားသော ပြင်သစ် လီဂူးဝမ်းပွဲစဉ်တွင် မိုနာကိုအသင်းကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ရ ခြင်းကြောင့် ယခုရာသီ လီဂူးဝမ်းပွဲစဉ်များတွင် ငါးပွဲမြောက်ရှုံးပွဲ တွေ့ကြုံခဲ့ရသည်။  ထိုပွဲတွင် မိုနာကိုအတွက် အဖွင့်ဂိုးကို ဆိုဖီယာနိုဒီအော့ပ်က သွင်းယူပြီး ဒုတိယဂိုးကို မာရီပန်က သွင်းယူခဲ့ကာ ပီအက်စ်ဂျီအသင်းသည် တစ်ပွဲလုံးဂိုးတည့် ကန်ချက်တစ်ကြိမ်သာ လုပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့်ကြားရက်ကပင်   ပီအက်စ်ဂျီအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဝေးကွင်း ပွဲစဉ်၌ ဘာစီလိုနာကို ၄ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ပြည်တွင်းပွဲတွင် မိုနာကိုအသင်းကို ပြန်ရှုံးခဲ့ရခြင်း ဖြစ်သည်။ ပီအက်စ်ဂျီအသင်းသည် ဇယားထိပ်ဆုံးမှ လိုင်လီကိုလိုက်မီရန် လေးမှတ်အလိုဖြင့် အဆင့်(၃) နေရာ၌ ရပ်တည်နေသည်။

Ref:Dailymail