ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်  ဧပြီ  ၂

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ   ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က အမျိုးသားအဆင့် ကော်မတီအကောင်အထည်ဖော်ဆောင်ရွက်မည့်   မူဝါဒနှင့်လုပ်ငန်းစဉ်များ၊ ပြည်နယ်အဆင့်ကော်မတီများနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဒေသ အသီးသီးရှိ IDPs များအတွက် ကာကွယ်၊ စောင့်ရှောက်၊ ထောက်ပံ့ပေးမှုများ၊ ဆက်လက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ နေရပ်စွန့်ခွာသူများဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိစွာဖြင့်  မှီခိုမှုကင်းသည့်လူနေမှု ပတ်ဝန်းကျင် ပြန်လည်တည်ဆောက်ပေးရေး ဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ကော်မတီအသီးသီးက ပူးပေါင်းဆောင်ရွက်သွားရေး ဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်းဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့်ကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်က ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများ၊ ယာယီခိုလှုံရာစခန်းများ   ပိတ်သိမ်းရေးဆိုင်ရာ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လတ်တလောဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲရှောင်စခန်း များအတွက် လိုအပ်သည့် လူမှုလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ထောက်ပံ့ကူညီပေးမှု အခြေ အနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားအဆင့်ကော်မတီဝင်များ၊ ပြည်နယ်အဆင့် ကော်မတီဝင်များနှင့် တာဝန်ရှိသူအသီးသီးက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ   နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ခိုင်တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်း  သိရသည်။                       

 (သတင်းစဉ်)