ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်
၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ကယားပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ်၏ မဲဆန္ဒရှင် စာရင်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ ရရှိ/ သုံးစွဲ/ လက်ကျန် မြေပြင် အခြေအနေများကို စစ်ဆေးခဲ့သည်။
၂။ မဲဆန္ဒရှင် စာရင်းစစ်ဆေးချက်များအရ ကယားပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် ယခင် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် စာရင်းမှာ ၂၁၂၉၁၆ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၂၁၄၀၇၄ ဦး ဖြစ်သည်။ မဲဆန္ဒရှင် စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ် မရှိသူများမှာ ၅၅၅၂ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြား အမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၉၃၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၁၆၆၈၀ ဦး ဖြစ်သည်။
၃။ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်း စစ်ဆေး တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-