ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့မှ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်  ဇွန်  ၉

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၆ ရက်မှ ၉ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ချုံချင့်မြို့၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ  အထူး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး အထူးလေယာဉ်ဖြင့်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။