ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)တွင်ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်း ကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဉက္ကဋ္ဌ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီလ ၈ ရက်မှ စတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ ယခုအခါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇)ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့ သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးတွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြ ပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၇)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----
(၁) အရပ်သားဘဝကနေ စစ်သားဘဝကို ကူးပြောင်းရခြင်းကြောင့် အခက်အခဲတော့ အများ ကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကြိုးစားပြီးသင်ယူသွားမှာပါ။ စစ်ပညာသင်ဖို့အတွက်လည်း အဆင်သင့်ဖြစ်နေပါပြီ လူငယ်ဖြစ်တဲ့အတွက် အတွေ့အကြုံအသစ်၊ ဗဟုသုတအသစ် လိုချင်တဲ့ အတွက် ဒီသင်တန်းကို လာရောက်တက်ရောက်ရခြင်းဖြစ်ပါတယ်။ ကိုယ်နိုင်ငံကာကွယ်ရတာ ဂုဏ်ယူရတဲ့ကိစ္စတစ်ရပ်ပါ။ ကျွန်တော်ကအကြမ်းဖက်မှုတွေကိုမလိုလာပါဘူး။ ဒါကြောင့် အကြမ်းဖက်မှု တွေကို တိုက်ဖျက်ဖို့အတွက် ဒီသင်တန်းကို ကြိုးစားသင်ယူသွားမှာပါ။
(၂) အရင်ပတ်စဉ်တွေကတည်းက တက်ချင်နေတာပါ။ ဒါပေမယ့် အခုဒီအပတ်စဉ်ကျမှ ကျွန်တော်တက်ခွင့်ရပါတယ်။ တက်ခွင့်ရတော့လည်း အဆင်ပြေပြေပါပဲ။ အဲ့ဒီအတွက်ကို နောက်တက်မယ့် ညီအကိုတွေအနေနဲ့လဲ ဘာမှအရမ်းကြီးစိတ်ပူမနေပါနဲ့ ကောလာဟလ တွေကိုလဲ စိတ်ထဲမှာထားပြီးတော့မှ ယုံနေမယ်ဆိုရင်အဆင်မပြေနိုင်ပါဘူး။ ကျွန်တော်တို့က နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ လုပ်ရမယ့်အရာကို လုပ်ကိုလုပ်ရမှာပါ။ မြန်မာနိုင်ငံ တော်အတွက် အထောက်အကူဖြစ်စေမယ့် နိုင်ငံသားကောင်းတစ်ယောက်အဖြစ်နဲ့ ကျွန်တော် အကောင်းဆုံး ထမ်းဆောင်သွားမှာပါလို့ ကျွန်တော်စဉ်းစားထားပါတယ်။
(၃) ကျွန်တော်မြန်မာနိုင်ငံသားတစ်ယောက်ပါ။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီနိုင်ငံ တော်အပေါ်ကို တာဝန်ကျေမွန်ချင်လို့ ဒီပြည်သူ့စစ်မှုထမ်းကို လာရောက်တက်ဖြစ်ခဲ့တာ ဖြစ်ပါ တယ်။