ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်းပေါင်း ၁၂ဝ ကိုပြန်ဖွင့်မည်

ဖိလစ်ပိုင်နိုင်ငံက စာသင်ကျောင်းပေါင်း ၁၂ဝ ကိုပြန်ဖွင့်မည်

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် စာသင်ကျောင်းပေါင်း ၁၂ဝ ကို အကန့်အသတ်ဖြင့် ပြန်ဖွင့်သွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူများက စက်တင်ဘာ ၂ဝ ရက်တွင်ပြောသည်။

ထိုသို့စာသင်ကျောင်းများ ပြန်ဖွင့်ခြင်းသည် ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ပိတ်ထားရသောကျောင်းများကို  သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပထမဆုံး ပြန်ဖွင့်ခြင်းဖြစ်သည်။

စာသင်ကျောင်းများကို ပြန်ဖွင့်ရန် ဆုံးဖြတ်ခြင်းက   ပညာရေး အတွက်သာမကဘဲ ကလေးများ၏ စိတ်ကျန်းမာရေးအတွက် လည်းပါကြောင်း   သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က သတင်းထောက်များကို ပြောသည်။

ထို့ပြင် စာသင်ကျောင်းများကို ပြန်မဖွင့်ပါက မျိုးဆက်တစ်ဆက်ကို ဆုံးရှုံးရနိုင်ပြီး စီးပွားရေးတွင်လည်း ဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေ၏ အတည်ပြု ဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုအန္တရာယ် အနည်းဆုံးသော ဒေသများရှိ အစိုးရ စာသင်ကျောင်းပေါင်း ၁ဝဝ အထိကို နှစ်လကြာစမ်းသပ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကကျောင်းပေါင်း ၂ဝ အနေဖြင့်လည်း ထိုအစီအစဉ်တွင် ပူးပေါင်း ပါဝင်နိုင်ကြောင်း သိရသည်။