ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် လက်ဝှေ့ အကျော်အမော် မန်နီပက်ကွီအို ဝင်ရောက် ယှဉ်ပြိုင်မည်

ဖိလစ်ပိုင်သမ္မတ ရွေးကောက်ပွဲတွင် လက်ဝှေ့ အကျော်အမော် မန်နီပက်ကွီအို ဝင်ရောက် ယှဉ်ပြိုင်မည်

ဖိလစ်ပိုင်လက်ဝှေ့ အကျော်အမော်နှင့် လက်ရှိတွင်  လွှတ်တော်အမတ်ဖြစ်သည့် မန်နီပက်ကွီအိုက ၂ဝ၂၂ ခုနှစ် ဖိလစ်ပိုင် သမ္မတ ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်ပြီဖြစ်သည်။

အာဏာရပါတီဖြစ်သည့် PDP-Laban ပါတီမှအုပ်စုတစ်ခုက ရွေးကောက်ပွဲအတွက် မန်နီပက်ကွီအိုကို စက်တင်ဘာ ၁၉ ရက်တွင် အမည်စာရင်း တင်သွင်းသည်။

ထိုပါတီမှပင် အခြားသော အုပ်စုတစ်ခုဖြစ်သည့် စွမ်းအင်ဝန်ကြီး အယ်ဖွန်ဆိုကူဆီ ဦးဆောင်သော အုပ်စုက လွှတ်တော်အမတ် ခရစ္စတိုဖာဘွန်ဂိုးကို သမ္မတလောင်း အဖြစ်လည်းကောင်း၊ လက်ရှိသမ္မတ ဒူတာတေကို ဒုတိယသမ္မတလောင်း အဖြစ် လည်းကောင်း အမည်စာရင်း တင်သွင်းထားသည်။

မန်နီပက်ကွီအိုက ၎င်းသည် တိုက်ခိုက်ရေးသမား တစ်ဦးဖြစ်သည့်အတွက် ကြိုးဝိုင်းအတွင်းနှင့် ကြိုးဝိုင်းပြင်ပတွင်ပါ အမြဲတမ်း တိုက်ခိုက်ရေးသမား အဖြစ်ရှိနေမည်ဖြစ်ကြောင်းနှင့် ၎င်း၏ ဘဝတစ်လျှောက်ကြုံတွေ့ခဲ့သော တိုက်ခိုက်မှုများတွင် နောက်ပြန်ဆုတ်ခြင်း မရှိခဲ့ကြောင်း  အဆိုပါအမည်စာရင်း တင်သွင်းသည့်ပွဲတွင် ပြောသည်။

မန်နီပက်ကွီအို အနေဖြင့်   သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် အတိုက်အခံ အဖွဲ့များအတွက်  တံခါးကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း  လေ့လာသူများက ပြောထားသည်ဟု သိရသည်။