ဖိုင်ဇာကာကွယ်ဆေးက အသက် ၅ နှစ်မှ ၁၁ နှစ် အထိ ကလေးများအတွက် ဘေးကင်း စိတ်ချရဟုဆို

ဖိုင်ဇာကာကွယ်ဆေးက အသက် ၅ နှစ်မှ ၁၁ နှစ် အထိ ကလေးများအတွက် ဘေးကင်း စိတ်ချရဟုဆို

ဖိုင်ဇာနှင့်ဘိုင်အိုအန်တက် ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည်  အသက် ၅ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးများအတွက် ဘေးကင်းစိတ်ချရကြောင်းနှင့် ခိုင်မာသော ကိုယ်ခံအားကို ထွက်ပေါ်စေကြောင်း ဖိုင်ဇာကုမ္ပဏီက စက်တင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် အဆိုပါ ကလေးများအတွက် လိုအပ်သည့် ကာကွယ်ဆေးပမာဏကလည်း အသက် ၁၂ နှစ်အထက်များတွင် ထိုးပေးရသည့် ပမာဏထက်နည်းပါးကြောင်းနှင့် တာဝန်ရှိသူများ၏ ခွင့်ပြုချက်ရရှိရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း   ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိုင်ဇာကုမ္ပဏီက ကလေးများတွင် ယခုကဲ့သို့ စမ်းသပ်မှုလုပ်ခြင်းသည်  တစ်ကမ္ဘာလုံး၌ ပထမဆုံးဖြစ်ပြီး    မိုဒါနာကုမ္ပဏီကမူ အသက် ၆ နှစ်မှ ၁၁ နှစ်ကြားရှိ ကလေးများတွင်    ကာကွယ်ဆေးစမ်းသပ်မှုကို လုပ်ဆောင်နေဆဲဖြစ်သည်။

လက်ရှိတွင်   ဖိုင်ဇာနှင့်မိုဒါနာတို့၏ ကာကွယ်ဆေးများကို  ကမ္ဘာတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက်များတွင် ထိုးပေးရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။

Ref: TST