ဗန်းမောက်မြို့နယ် ညောင်ခြေထောက်-ဘူးတောင်းလမ်းအဝင် ခေါပုတ်ချောင်းကူးတံတား တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် နောင်မဲလုံအုပ်စု လေးသီ ကျေးရွာအနီး ညောင်ခြေထောက်-ဘူးတောင်းလမ်းမပေါ်ရှိ နမ့်ခေါ်ပွတ်(ရှမ်းနီဘာသာ စကားဖြင့် တံတားပွင့်ချောင်း) ယခုအခေါ် ခေါပုတ်ချောင်းကူးတံတား ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၆ ရက်က ပန္နက်ချပြီး နိုဝင်ဘာ ၂၉ ရက်မှ စတင် တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားကို နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုငွေ ငွေကျပ် ၃၄၂ သန်းဖြင့် တင်ဒါ အောင်မြင်ခဲ့သော့ြၤ ကုမ္ပဏီမှ အင် ဂျင်နီယာ ဦးသန်းမင်းဇော်က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ တံတားမှာ အရှည် ပေ ၁၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ပေ ၂၀၊ ကမ်းကပ်ခုံ နှစ်ခု၊ ရေလယ်တိုင် နှစ်တိုင်ရှိ နှစ်လွှာတစ်ထပ်ဘေလီတံတား ဖြစ်ပြီး ဇူလိုင်ဒုတိယပတ်က တည်ဆောက်မှုလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်သည်။
“အရင်က ဒီခေါပုတ်ချောင်းကူးတံတား မရှိတော့ မိုးရာသီရောက်တိုင်း တောင်ကျ ချောင်းရေတစ်ဟုန်ထိုး စီးဆင်းလာပြီဆိုရင် ရေကြီးရေလျှံမှုဖြစ်ပေါ်လာပြီး ဆိုင် ကယ်တွေ၊ ကားတွေ၊ လူတွေ ဖြတ်သန်း သွားလာလို့မရတော့ဘူး။ ချောင်းရေအကျကို စောင့်ကြ ရတယ်။ အဲဒီတော့ အချိန်ကြန့်ကြာပြီး သွားလာရေးအခက်အခဲတွေနဲ့ ကြုံခဲ့ကြရတယ်။ အခုတော့ ဒီခေါပုတ် ချောင်းကူးဘေလီတံတားကြီးတည်ဆောက် ပြီးစီးသွားပြီဖြစ်လို့ ဒေသခံတွေ ကူးသန်း သွားလာရေးအတွက် အတော်လေးအဆင် ပြေနေပါပြီ” ဟု လေးသီကျေးရွာနေ ရှမ်းနီ အမျိုးသား ဦးဆေးထွန်းမြင့်ကပြောသည်။
လှိုင်ဘွား(ဗန်းမောက်)