ဗီလာနှင့်စပါးအသင်းပွဲအစား စပါးနှင့်ဖူလ်ဟမ်ပွဲအဖြစ် အစားထိုးကစားရမည်

ဗီလာနှင့်စပါးအသင်းပွဲအစား စပါးနှင့်ဖူလ်ဟမ်ပွဲအဖြစ် အစားထိုးကစားရမည်

လာမည့်သီတင်းပတ်ကုန် ပွဲစဉ်နှစ်ပွဲကိုလည်း ပြောင်းရွှေ့ကစားရမှုဖြစ်လာ

အင်္ဂလန်၌ COVID-19 ရောဂါကူးစက်မှုများ တိုးမြင့်လာခြင်းနှင့်အတူ ဘောလုံးအသင်းများတွင်လည်း ရောဂါပိုးကူးစက်မှုများတိုးလာ သဖြင့် ဇန်နဝါရီ ၁၃ ရက်ညတွင် ကစားရမည့် ဗီလာနှင့် စပါး အသင်းတို့ပွဲစဉ်မှာ ကစားနိုင်ခြင်းမရှိတော့သည့်အတွက်  စပါးအသင်းသည် ရွှေ့ဆိုင်းခဲ့ရသော   ဖူလ်ဟမ် အသင်းနှင့်အိမ်ကွင်းပွဲကို ပြန်လည်ကစားမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်က အတည်ပြုခဲ့သည်။ ဗီလာအသင်းသည် စပါးနှင့်ကစားရမည့်ပွဲတွင်လည်း ပိုးတွေ့ကစားသမားများ သီးခြားနေထိုင်နေရသော ကြောင့် မည်သို့မျှကစားနိုင်ရန် မဖြစ်နိုင်သဖြင့် တင်ပြရာတွင် ပရီးမီးယားလိဂ်က ပြီးခဲ့သည့်ဒီဇင်ဘာ ၃၀ ရက်က ဖူလ်ဟမ်အသင်းသားများ ဃဥဠှီု-၁၉ ရောဂါကူးစက်၍ ပွဲရွှေ့လိုက်ရသော ဖူလ်ဟမ်နှင့်စပါးပွဲကို  စပါးနှင့်  ဗီလာပွဲအစား ဇန်နဝါရီ ၁၃ ရက်ညတွင် အစားထိုးကစားရန် ဆုံးဖြတ်ပေးခဲ့သည်။ ဗီလာအသင်းက “အသင်းက ကစားသမားတွေနဲ့ ဝန်ထမ်းတွေရောဂါပိုးကူးစက်နေတဲ့အနေအထားမှာ တချို့က ပိုးတွေ့တယ်၊ ကျန်တဲ့လူတွေကလည်း ထိစပ်မှုရှိလို့ သီးခြားခွဲနေထိုင်နေရတာကြောင့်  ပွဲကစားနိုင်ဖို့မဖြစ်နိုင်ပါဘူး။ လေ့ကျင့်ရေးကွင်းလည်း ပိတ်ထားရဆဲဖြစ်လို့ ပရီးမီးယားလိဂ်အနေနဲ့ စပါးနဲ့ပွဲကို ရွှေ့ဆိုင်းပေးရုံကလွဲလို့ ကျန်တာဘာမှ မလုပ်နိုင်ဘူး”ဟု သတင်းထုတ်ပြန်ခဲ့သည်။ယခုကဲ့သို့ ကမောက်ကမအနေအထားကြောင့် လာမည့်သီတင်းပတ်ကုန် ပရီးမီးယားလိဂ်ပွဲတချို့သည်လည်း ရက်ရွှေ့ဆိုင်းရမှုများရှိလာခဲ့သည်။  ဖူလ်ဟမ်သည်  ဇန်နဝါရီ  ၁၃  ရက်ညတွင် စပါးနှင့် ကစားရမည်ဖြစ်၍ ဇန်နဝါရီ ၁၅ ရက်ညတွင်  ချယ်လ်ဆီးနှင့်ကစားရမည့်  အဝေးကွင်းပွဲကို   ဇန်နဝါရီ  ၁၆  ရက်ညသို့ ပြောင်းရွှေ့လိုက်ရပြီး   မူလက   ဇန်နဝါရီ ၁၆  ရက်ညတွင် ကစားရမည့် ဗီလာနှင့်အဲဗာတန်ပွဲကိုလည်း ဇန်နဝါရီ ၁၇ ရက်ညသို့ ရွှေ့ဆိုင်းလိုက်ရသည်။ နည်းပြမော်ရင်ဟိုက မိမိတို့အသင်းသည် ကာရာဘောင်း ဖလားဗိုလ်လုပွဲ၊ ယူရိုပါလိဂ်နှင့် အက်ဖ်အေဖလားပွဲအားလုံး ကစားရန်ရှိနေသဖြင့် ပွဲများထပ်မံ ရွှေ့ဆိုင်းပါက ပြန်လည်ကစားရမည့်ရက်သတ်မှတ်ရန် မဖြစ်နိုင်တော့ဟုဆိုကာ ဖိအားပေးခဲ့၍  ပရီးမီးယားလိဂ်က  ယခုကဲ့သို့ ပွဲများကို အမြန်ဆုံးပြောင်းလဲကစားစေခဲ့ခြင်းဖြစ်သည်။                          

Ref:Dailymail