ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်  ဧပြီ   ၂ဝ

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင်  ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၉ ရက်နှင့်    ယနေ့တို့တွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ခိုလမ်မြို့နှင့် လွိုင်လင်မြို့၊  မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့တို့ရှိ ကျောင်းတိုက် အသီးသီးမှ  သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID- 19 ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တို့ရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များအား နေ့ဆွမ်းများကို လည်းကောင်း   သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ၊ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍   ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့ပြင်  မော်လမြိုင်မြို့၊  ရွှေနတ်တောင် ကျောင်းတိုက်နှင့်  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဓာတုဝိဇ္ဇာဝိပဿနာ ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များအား   တပ်မတော်မှဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။