ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၇

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ရဲမွန်တပ်မြို့ရှိ ကျိုက်ဒေးစတိုးဘုရားကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၌ ဝါကပ်သီတင်းသုံးတော်မူကြသော သံဃာ တော်များနှင့် သာသနာ့နွယ်ဝင်သီလရှင် ၇၂၅၀ ပါး၊ ချမ်းအေးသာစံမြို့နယ်၊ တောင်စလင်းတိုက်ကျောင်း၊ ပြင်ဦးလွင်မြို့၊ မြို့လယ်ရွှေစည်းခုံကျောင်းတိုက်၊ မတ္တရာ မြို့နယ်၊ အင်ကြင်းမြိုင်ကျေးရွာရှိ ဓမ္မမာမကဘုန်းကြီးကျောင်း၊ မိတ္ထီလာမြို့၊ ရွှေမြင်တင်ဘုန်းတော်ကြီးကျောင်း၊ သရက်မြို့နယ်၊ ပိတောက်ပြင်ကျေးရွာရှိ ပညာလင်္ကာရဘုန်းကြီးကျောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ ရပ်ကွက်ရှိ ရတနာသိဓ္ဒိကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။