မက်ဆီ လာလီဂါသွင်းဂိုး ၅၀၆ ဂိုးမြောက်သွင်းယူ

ဘာစီလိုနာ၊ ဘောလုံး

ဖေဖော်ဝါရီ ၂၁ ရက်ညက ယှဉ်ပြိုင် ကစားသော စပိန်လာလီဂါပွဲစဉ်၌ ဘာစီလိုနာအသင်းသည်  ပွဲချိန်ပထမ ပိုင်းတွင်  မက်ဆီသွင်းယူသော  ပယ်နယ်တီ ဂိုးဖြင့်   ဦးဆောင်နိုင်ခဲ့သော်လည်း   ကာဒစ်ဖ်အသင်းအတွက် ပွဲချိန်နောက် ဆုံးမိနစ်ရောက်မှ ပယ်နယ်တီမှ အဲလက်စ်ဖာနန်ဒက်ဇ်က ချေပဂိုးပြန်သွင်းခဲ့သဖြင့် သရေ တစ်မှတ်သာရနိုင်ခဲ့သည်။

ဘာစီလိုနာသည်  ယခုပွဲတွင်   နိုင်ပွဲနှင့်ပြန်လည်နိုးထရန်  ကြိုးစားခဲ့ သော်လည်း  ခြေစွမ်းကောင်းမရခဲ့သဖြင့်   သရေတစ်မှတ်သာရရှိခဲ့သည်။ ထိုပွဲတွင် တစ်ဂိုးသွင်းခဲ့ခြင်းဖြင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် စပိန် လာလီဂါသွင်းဂိုး ၅၀၆ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့သည်။

Ref:AS