မင်းဘူး(စကု)မြို့နယ်အတွင်း နွေစပါးများရိတ်သိမ်းလျက်ရှိပြီး ၁ ဧကအထွက်နှုန်း တင်း ၁၃၀ ထွက်ရှိ

မင်းဘူး(စကု)မြို့နယ်အတွင်း နွေစပါးများရိတ်သိမ်းလျက်ရှိပြီး ၁ ဧကအထွက်နှုန်း တင်း ၁၃၀ ထွက်ရှိ

မင်းဘူး၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်အတွင်း ၂၀၂၁ ခုနှစ် ဧပြီလအကုန် က စိုက်ပျိုးခဲ့သည့် နွေစပါးစိုက်ခင်းများမှ နွေစပါးများရိတ်သိမ်းလျက်ရှိပြီး ထွက်ရှိချိန်တွင် ၁ ဧကအထွက်နှုန်း တင်း ၁၃၀ ထိ ထွက်ရှိကြောင်း   မင်းဘူး(စကု)မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဝင်း ထံမှသိရသည်။

“ပြီးခဲ့တဲ့နွေကာလမှာ နွေစပါးစိုက်ဧက ၂၀၅ ဧကကို စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းနှစ်သွယ်ဖြင့် စိုက်ပျိုးအောင်မြင်ခဲ့ပါတယ်။ အခုနှစ်နွေကာလမှာ ဆည်ရေ မရရှိတဲ့ အတွက် မြေအောက်ရေဖြင့်စိုက်ပျိုးခြင်း၊  ရေစုပ်စက်ဖြင့်ရေသွင်းစိုက်ပျိုးခြင်း တို့ဖြင့် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးချိန်တွင် ရာသီဥတုအနေအထားအရ တောင်သူတွေဟာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို လိုက်နာဆောင်ရွက်မှု အားကောင်းလာတဲ့အတွက် ရိတ်သိမ်းချိန်တွင် စပါး ၁ ဧကလျှင် အနိမ့်ဆုံး စပါး  ၈၈ တင်းထွက်ရှိခဲ့ပြီး  အကောင်းဆုံးစပါးခင်းတွေမှာ ၁ ဧကလျှင် စပါးတင်း ၁၃၀ ခန့်ထိ  ထွက်ရှိခဲ့ပါတယ်” ဟု ဦးစီးမှူး ဦးသိန်းနိုင်ဝင်း ကပြောသည်။

နွေစပါးကို သက်တမ်းတိုပြီး ဈေးကွက်ကောင်းရရှိသော မနောသုခမျိုး၊ ရတနာတိုး မျိုးများကိုသာ အဓိကစိုက်ပျိုးကြပြီး လက်ရှိ စပါးပေါ်ပျိုးချိန်တွင် သန့်စင်မှုအပေါ်မူတည် ပြီး စပါးတစ်တင်းလျှင် ငွေကျပ် ၆၀၀၀ မှ  ၆၅၀၀  ထိဈေးကွက်ရှိကြောင်း  သိရသည်။        

ဘုန်းလက်ျာ(မင်းဘူး)