မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာ၌ မေ ၁၉ ရက် ည ၁ဝ နာရီခွဲတွင် နှစ်ရှည် ညောင်ပင်ကိုင်း ကျိုးကျမှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ ညောင်ပင်ကိုင်းကျိုးကျရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်း (မတ္တရာ)မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များက သွားရောက်၍ ကျေးရွာအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများနှင့်အတူ ပူးပေါင်းရှင်းလင်း ဆောင်ရွက်ကြသည်။
အဆိုပါ လုံးပတ် ၅ ပေ၊ အရှည် ပေ ၄ဝ ရှိ နှစ်ရှည်ညောင်ပင်ကိုင်း ကျိုးကျမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးသွားပြီး အခြားလူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။