မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် လေးမြို့နယ်ကို Stay at Home သတ်မှတ်

မန္တလေး  ဒီဇင်ဘာ  ၂၆

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် ၁၆၁/၂ဝ၂ဝ အရ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ကို ၂၇-၁၂-၂ဝ၂ဝ ရက် နံနက် ဝ၈းဝဝ နာရီအချိန်မှစ၍ နေအိမ်၌နေထိုင်ရေး Saty at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ(Coronavirus Disease 2019- COVID-19)ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီးအတွင်း COVID- 19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာဦးရေ အချိန်တိုကာလအတွင်း တိုးတက် များပြားလာသဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမို ထိရောက်စွာ   ထိန်းချုပ်နိုင်ရေးအတွက် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ ပြည်သူများအနေဖြင့် မိမိ နေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်ဟု ဖော်ပြထားသည်။

သို့ဖြစ်ပါ၍   မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင်    နေထိုင်သည့် ပြည်သူများ အနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stayat Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာထားသည်။