မသင်္ကာဖွယ်စက်လှေတစ်စီးအား စစ်ဆေးရာ တရားမဝင်ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)စစ်ရေယာဉ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ဇန်နဝါရီ ၄ ရက် နံနက် ၁ နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၅ မိုင်ခန့်အကွာ၌ မသင်္ကာဖွယ် စက်လှေတစ်စီး ဝင်ရောက်လာကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ချောင်းသာ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာ အေးသန်းမောင် ၄၃ နှစ်၊ (ဘ)ဦးထွန်းသာလှ မောင်းနှင်သည့် အလျား ၂၇ ပေ၊ အနံ ၈ ပေရှိ စက်လှေပေါ်မှ လှေလုပ်သား ၄ ဦးနှင့်အတူ တရားမဝင် ဝင်ရောက်လာ သည့် ဘင်္ဂါလီလူမျိုး ၇ ဦး တို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တရားမဝင်ဝင်ရောက်လာသော ဘင်္ဂါလီလူမျိုး ၇ ဦးနှင့် လှေလုပ်သား ၅ ဦးတို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။