မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အနောက်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ဆန်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်များနှင့် Mask များ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဇန်နဝါရီ - ၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက ဆန်၊ ခရမ်းချဉ်သီးများ၊ ဂေါ်ဖီထုပ်များနှင့် Mask များအား အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အနောက်ရပ်ကွက်၊ အကွက်အမှတ်၊ ၄၀၂ ရှိ စံပြရပ်မှ အိမ်ထောင်စု ၃၀၀ စုတို့အတွက် ဆန်၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ကြက်ဥများနှင့် Mask များကို နယ်မြေခံတပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေ လှူဒါန်းကြသည်။