မီးဖွားရန်အခက်အခဲရှိသည့် ကိုယ်ဝန်ဆောင်သည်မိခင်တစ်ဦးအား လုံခြုံရေးဆောင်ရွက်နေ သည့် တပ်ဖွဲ့ဝင်များက မီးဖွားရန်အတွက် တပ်မတော်ဆေးရုံသို့ ဆက်လက်ကူညီပို့ဆောင်ပေး
နေပြည်တော်၊ မတ် -၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုး စကျင်ဝကျေးရွာနေ ဦးမြတ်မင်းခိုင် ၏ ဇနီး ကိုယ်ဝန်ဆောင် မဇင်မာဦး(၃၃)နှစ်သည် မတ် ၂ ရက် ညနေပိုင်းမှစတင်ကာ မီးဖွားရန် ဗိုက်နာလာသဖြင့် ကျေးရွာမှ သားဖွားဆရာမ၏ အဆက်အသွယ်ဖြင့် ကျေးရွာအနီးတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်မတော်သားများထံ အကူအညီတောင်းခံလာခဲ့သည်။
ထိုသို့အကူအညီတောင်းခံလာသဖြင့် မန္တလေးနန်းမြို့အတွင်းရှိ တပ်မတော်ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရာ အဆိုပါအမျိုးသမီးအား တပ်မတော်မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြုများ၏ ကြိုးစားကုသပေးမှုကြောင့် ယနေ့နံနက် ၃ နာရီခွဲခန့်တွင် အနာဂတ်၏ မျိုးဆက်သစ်ရင်သွေး ငယ်အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။
အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးသည် ကိုယ်ဝန်ဆောင်ကာလရက်သတ္တပတ် ၂၉ ပတ်သာရှိသည့်အပြင် အမျိုးသမီးတွင် ဆီးချို/သွေးချိုရှိသဖြင့် ခွဲစိတ်မွေးဖွားရန်လည်း အခက်အခဲရှိသဖြင့် သာမန်အခြေအနေဖြင့် မွေးဖွားနိုင်ရန်ဆေးရုံရှိ ပါရဂူ၊ ဆေးမှူး၊ သူနာပြု များက ကြိုးစားအားထုတ်ပြီးမွေးဖွားပေးရသည့်အပြင် မွေးဖွားလာသည့် ရင်သွေးငယ်မှလည်း ၂ ပေါင် ၈ အောင်စသာရှိသောကြောင့် မွေးကင်းစကလေးအထူးကြပ်မတ်ကုသခန်းတွင် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် မိခင်နှင့်ရင်သွေးငယ်မှာ ကျန်းမာရေးကောင်းမွန်စွာဖြင့် တပ်မတော်ဆေးရုံ တွင် ဆက်လက်ကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။