မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် ဧက ၂၀၀ ခန့်စိုက်ပျိုးရန်လျာထား

မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် ဧက ၂၀၀ ခန့်စိုက်ပျိုးရန်လျာထား

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီ တွင် မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် ဧက ၂၀၀ ခန့် စိုက်ပျိုးရန် လျာထားကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မျိုးကောင်းမျိုးသန့် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်များကို မုဒုံမြို့နယ်ရှိ ကွမ်တောင်၊ တော်ကူး၊ တံခွန်တိုင် နှင့် ဗရမ်း စသည့်ကျေးရွာများမှ ဒေသခံ အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း၍ စိုက်ပျိုးမည်ဖြစ်သည်။

မျိုးစေ့ထုတ် မိုးစပါးများစိုက်ပျိုးရာတွင် တောင်သူများ လုပ်ငန်းလျင်မြန်စွာလုပ်ကိုင် နိုင်စေရန်၊ အလေအလွင့်နည်းပါးပြီး စပါးအထွက်နှုန်းကောင်းမွန်စေရန်နှင့် စက်မှု လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဆင့်မြင့်နည်းပညာအသုံးပြု၍ ကောက် စိုက်စက်များဖြင့် စိုက်ပျိုးမည်ဖြစ်သည်။

စပါးစိုက်ပျိုးရာတွင်   ယခင်သမားရိုးကျကောက်စိုက်နည်းများဖြင့်   စိုက်ပျိုးခြင်းထက် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပါက အလေအလွင့်နည်းပါးကာ  သီးနှံ အထွက်နှုန်း ကောင်းမွန်ခြင်း၊   လုပ်ငန်းတွင်ကျယ်ခြင်း၊ လယ်ယာလုပ်သားရှားပါး မှုအခက်အခဲကို   ဖြေရှင်းပေးနိုင်ခြင်းနှင့် အလုပ်သမားခ ကုန်ကျစရိတ်သက်သာခြင်း စသည့်   အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

ယခုအခါ    မုဒုံမြို့နယ်ရှိ   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံ တောင်သူများ အား    ကောက်စိုက်စက် အသုံးပြုနည်းများကို  လက်တွေ့ကွင်းဆင်း ပြသကာ   အသိပညာဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ ထို့ပြင် မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ    တာဝန်ရှိသူများသည်  မြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများ၏ စိုက်ခင်းများ၌ သီးနှံအထွက်နှုန်း တိုးတက်စေရန် လိုအပ်သောစိုက်ပျိုးရေးနည်းစနစ် များနှင့်သွင်းအား စုပစ္စည်းများ  ပံ့ပိုးကူညီခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ   အသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆောင်းဦး